ဆားလင်းကြီးမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားအိမ်ထောင်စုများအား စတုတ္ထ အကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်

ဆားလင်းကြီး ဩဂုတ် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများကို နိုင်ငံတော်မှထောက်ပံ့သည့်  ထောက်ပံ့ငွေပေးအပ်ခြင်းကို  စတုတ္ထအကြိမ်မြောက် ယမန်နေ့မွန်းလွဲပိုင်းအချိန်က ဆားလင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ငွေသာခန်းမတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ထောက်ပံ့ငွေများကို  စတုတ္ထအကြိမ်မြောက် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်း စားများ စားဝတ်နေရေး အဆင်ပြေစေရန် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာ အုပ်စု  (၄၂) အုပ်စုမှ အိမ်ထောင်စု (၁၂၂၄၃) စုအတွက် တစ်ထောင်လျှင် (၂၀၀၀၀) နှုန်းဖြင့်   ထောက်ပံ့ငွေ       စုစုပေါင်း (၂၄၄၈၆၀၀၀၀) ကျပ်ကို မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးဆန်းမြင့်နှင့် ဌာနဆိုင်ရာများက ကျေးရွာ အုပ်ချုပ်ရေးမှူးများ ထံသို့ပေးအပ်ခဲ့ပြီး  ရပ်/ကျေးများနှင့် ကျေးရွာတာဝန်ကျ ဌာနဆိုင်ရာများမှတစ်ဆင့် ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြကြွယ်ဝင်း (ဆားလင်းကြီး ပြန်/ဆက်)