ပေါက်တောမြို့နယ်ရှိ တိုက်ပွဲရှောင်စခန်းများ၌ ခိုလှုံနေကြသောပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

ပေါက်တော စက်တင်ဘာ ၂

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် တိုက်ပွဲရှောင်စခန်း ၃ခုရှိ တိုက်ပွဲ ရှောင်ပြည်သူများအား ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ပေါက်တောမြို့နယ် စိုင်းတုတ်ကျေးရွာ စုရပ်ဘုန်းတော်ကြီးကျောင်းခြံဝင်းအတွင်း ဓမ္မာရုံတွင် ယနေ့နံနက် ၁၀ နာရီက ထိုးနှံပေးခဲ့သည်။

အဆိုပါတိုက်ပွဲရှောင်စခန်း ဆေးထိုးနှံနေရာသို့ ပေါက်တောမြို့နယ် စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့်အဖွဲ့ လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်ရာတွင် ပေါက်တောမြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကိုကိုအောင် ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ဆေးထိုးနှံခြင်းမပြုမီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင် တိုင်းတာပေးခြင်းတို့ကို ပြုလုပ်ပေးကြပြီး ကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးကြသည်။

ကာကွယ်ဆေးထိုးနှံပေးရာ၌ စိုင်းတုတ်စစ်ဘေးရှောင်စခန်းစုရပ်သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံလာသူ စိုင်းတုတ်တိုက်ပွဲရှောင်စခန်းမှ အမျိုးသား ၂၂ ဦး၊ အမျိုးသမီး ၂၉ ဦး၊ ကံဆိပ်ကျေးရွာ တိုက်ပွဲရှောင်စခန်းမှ အမျိုးသား၂ ဦး၊ အမျိုးသမီး ၂ ဦး၊ နားဂွေကျေးရွာ တိုက်ပွဲရှောင်စခန်းမှ အမျိုးသမီး ၃ဦး၊ အမျိုးသား ၂ ဦးတို့အပါအဝင် တိုက်ပွဲရှောင် စခန်း ၃ ခု စုစုပေါင်း ၆၀ဦး လာရောက် ထိုးနှံလာကြကြောင်း သိရှိရသည်။

ကျော်သန်း (မြို့နယ်/ပြန်ဆက်)