မောင်တောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့တွင်းထဲသို့ ဝင်ရောက်လာသူများအား ကိုဗစ်-၁၉ ပိုး ရှိ/မရှိစစ်ဆေးဆောင်ရွက်

မောင်‌တော စက်တင်ဘာ  

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်  မြို့အဝင်/ အထွက် ဂိတ်၌ ယမန်နေ့ နေ့လယ် ၂ နာရီ အချိန်က မြို့တွင်းထဲသို့ ဝင်ရောက်လာသူများအား ကိုဗစ်-၁၉ ပိုး ရှိ/ မရှိ RDT ဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကံထွန်းအောင် ဦးဆောင်လမ်းညွန်မှုဖြင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းအဖွဲ့က ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက်  မြို့အဝင်/အထွက် ဂိတ်၌ မြို့တွင်းထဲသို့ ဝင်ရောက်လာကြသော သုံးဘီးယာဉ် မောင်းနှင်သူများ၊ စစ်တွေမြို့မှ ဝင်ရောက်လာသော  ကုန်တင်ကားကြီး မောင်းနှင်သူများနှင့် ယာဉ်နောက်လိုက်များ စုစုပေါင်း (၅၈)ဦးအား ကိုဗစ်-၁၉ ပိုး ရှိ/မရှိ RDT ဖြင့် စစ်ဆေးခဲ့ရာ  ၎င်းတို့မှာ ကိုဗစ်-၁၉ရောဂါပိုး မတွေ့ရှိခဲ့ကြောင်း မြို့နယ်ပြည်သူကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

သက်လွင်စိုး