ကန့်ဘလူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးသွားမည်

ကန့်ဘလူ စက်တက်ဘာ  ၂

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဩဂုတ် လဆန်းပိုင်းက စတင်၍ ပထမအကြိမ်ထိုးနှံပြီးသူ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊ အသက် ၁၈ နှစ်အထက် ဆရာတော် သံဃာတော်များ၊ အစိုးရ/ ပုဂ္ဂလိက ဝန်ထမ်းများ၊ စျေးသူစျေးသားများနှင့် ပြည်သူများကို စက်တင်ဘာ ၃ ရက်မှစတင်ကာ ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ သိရသည်။

ထိုသို့ထိုးနှံပေးရာတွင် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံထားသူများသည် ယခင်ကာကွယ်ဆေး ထိုးစုရပ်များဖြစ်သည့် ကန့်ဘလူမြို့ခုတင် ၁၀၀ ပြည်သူ့ဆေးရုံ၊ ချပ်သင်းကျေးရွာ အထကကျောင်း၊ ထန်းကုန်းကျေးရွာ မြို့လယ်ကျောင်းတိုက်၊ ဇီးကုန်းမြို့ အထကကျောင်း၊ ကာဘိုးကျေးရွာ အထက ကျောင်း၊ မလယ်ကျေးရွာ စိန်ပန်းကျောင်းတိုက်တို့၌ ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဦးတည်အုပ်စုအလိုက် ဦးစားပေး ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)