မွန်ပြည်နယ်လွှတ်တော်(၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကျင်းပနိုင်ရေးအကြိုညှိနှိုင်းအစည်းအဝေးကျင်းပ

မော်လမြိုင် ဩဂုတ် ၁၄

မွန်ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမ၌ ယမန်နေ့နေ့လယ်ပိုင်းတွင် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေး အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ်ကျင်းပပြုလုပ်ရာ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက အဖွင့် အမှာစကားပြောကြားသည်။

ဆက်လက်၍ ကျင်းပရေးဦးစီးကော်မတီမှစတင်၍ မိမိတို့တာဝန်ယူရမည့်အပိုင်းများကို ကော်မတီ(၉)ခုမှ ရှင်းလင်းဆွေးနွေးကြပြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌက နိဂုံးချုပ်စကားပြောကြားသည်။

ညှိနှိုင်းအစည်းအဝေးကို ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြန်မာ့လျှပ်စစ်ဓာတ်အားပေး လုပ်ငန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း ပြည်နယ်လွှတ်တော်မှ သိရသည်။

ပြည်နယ်(ပြန်/ဆက်)