နတ်မောက်မြို့နယ်တွင် ပိုက်ဆံ‌လျော်မျိုးစေ့ထုတ်စိုက်ခင်း တောင်သူကွင်းလေ့လာရေးပြသပွဲပြုလုပ်

နတ်မောက်   စက်တင်ဘာ ၁                                                           

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် ပိုက်ဆံလျော်မျိုးစေ့ထုတ်စိုက်ခင်း   တောင်သူကွင်းလေ့လာရေး ပြသပွဲကို ယမန်နေ့ နေ့လည်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးဝန်းတွင်     ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါကွင်းသရုပ်ပြပွဲတွင် တောင်ထောင့်ကျေးရွာနှင့် ကုန်းဇောင်းကျေးရွာမှ တောင်သူ (၂၀) ဦးတက်ရောက်ခဲ့ပြီး  မြေဆီလွှာထိန်းသိမ်းရေး လုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် ပိုက်ဆံလျော်မျိုးစေ့များ ဒေသအတွင်းရှိ   ကျေးရွာများ ဖြန့်ဖြူး၍ သစ်စိမ်းမြေဩဇာကျွေးခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပိုက်ဆံလျော်မျိုးစေ့   ထုတ် (၁၀) ဧကကို တမာပင်ရပ်၊  အင်းကုန်းအုပ်စု၊  စိုင်ကောင်းအုပ်စုများတွင် စိုက်ပျိုးထားရှိပြီး  အပင်ဖြစ်ထွန်းမှုနှင့် ပိုက်ဆံလျော်သစ်စိမ်းမြေဩဇာစိုက်ပျိုး၍  မြေဆီလွှာဖွံ့ဖြိုးတိုးတက်အောင် အဆင့်ဆင့်    ဆောင်ရွက် နေမှုများကို မြို့နယ်ဦးစီးမှူးမှ တက်ရောက်လာသော တောင်သူများအား ရှင်းလင်းပြောကြားခဲ့   ကြောင်းသိရသည်။

သင်းသင်းမြတ် ( နတ်မောက်)