သဲကုန်းမြို့နယ်တွင် ဝန်ထမ်းများနှင့် အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေး

သဲကုန်း စက်တင်ဘာ ၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌ သဲကုန်းမြို့နယ်တွင် ဝန်ထမ်းများနှင့် အသက်(၆၅)နှစ်အထက် သက်ကြီး ရွယ်အို များအား ဒုတိယအကြိမ်ကိုဗစ် -၁၉ကာကွယ်ဆေးထိုးနှံပေးခြင်းကို သြဂုတ်လ(၂၉)ရက်နေ့မှ စတင်၍ သက်ဆိုင်ရာ ကာကွယ်ဆေးထိုးစုရပ်အသီးသီးတွင် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံခြင်းကို နေ့စဉ်နံနက်(၉)နာရီမှစတင်၍ သဲကုန်းမြို့နယ်ပြည်သူ့ဆေးရုံ၊ ဆင်မြီးဆွဲ တိုက်နယ်ဆေးရုံ၊ ပုတီးကုန်းမြို့လယ်ဓမ္မာရုံ၊အထက(ဝက်ပုတ်)၊ အင်းမမြို့အထွက်တိုးစခန်းစသည့် ဆေးထိုးစုရပ် အသီးသီးတွင် အသက်(၆၅)နှစ်နှင့်အထက်သက်ကြီးရွယ်အိုများအား ဒုတိယအကြိမ်ထိုးနှံပေးလျှက်ရှိပြီး သြဂုတ်လ (၁)ရက်နေ့ အထိကာကွယ်ဆေးထိုးနှံသူ စုစုပေါင်း(၁၅၀၅)ဦး လာရောက်ထိုးနှံခဲ့သည်။

ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးလျှင် လူတစ်ဦးထိုးနှံပေးလျက်ရှိကြောင်းနှင့်အဆိုပါ ဆေးထိုးခြင်းလုပ်ငန်းများကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေး​ပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင် များနှင့် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နိုင်လင်း