ပေါင်မြို့နယ်၌ သက်ကြီးဘိုးဘွားများအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်

ပေါင်   စက်တင်ဘာ ၁

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရှုခန်းမ၌  ယမန်နေ့ နေ့လယ် ၃နာရီက အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၆၈၅)ဦးအတွက် လူမှုရေး ပင်စင်ထောက်ပံ့ငွေများအား ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ ပေးအပ်ပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိုက်ထွန်းက သက်ကြီး ဘိုးဘွားများအတွက် လူမှုရေးပင်စင်ထောက်ပံ့ပေးရခြင်းအကြောင်း၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် သက်ကြီး အဘိုး/အဘွားများ လက်ဝယ်အရောက် ပေးအပ်နိုင်ရေး ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက နိုင်ငံတော်မှထောက်ပံ့သည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လ ဒုတိယသုံးလပတ်အတွက် အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၆၈၅)ဦးအတွက် တစ်ဦးလျှင် ငွေကျပ် ၃၀၀၀ဝိ/-နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၂၀၅၅၀၀၀ဝိ/-)အား ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)