ရမ်းဗြဲ ၊ ဩဂုတ် ၃၁
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်၌ အသက် (၆၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် ဦးစားပေးအုပ်စု ပြည်သူများကို ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ဆေး ဒုတိယအကြိမ်ထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီက ရမ်းဗြဲမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ ပုလုပ်တောင်တွင် စုရပ်များခွဲ၍ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ ထိုးနှံရာတွင် ဩဂုတ်လ ၂ ရက်နေ့က ပထမအကြိမ်ထိုးနှံခဲ့ကြသည့် မြို့ပေါ်ရပ်ကွက်များမှ အသက် (၆၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ ရဟန်းသံဃာတော်များ၊ နိုင်ငံဝန်ထမ်းများနှင့် မိသားစုဝင် များ၊ Volunteer များကို ဦးစားပေးအုပ်စုအလိုက် ထိုးနှံပေးလျက်ရှိပါသည်၊ ဆေးထိုးရန်ရောက်ရှိလာသူများကို ရမ်းဗြဲမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများမှ စာရင်းမှတ်တမ်းရေးသွင်းခြင်း၊ ကျန်းမာရေးဝန်ထမ်းများမှကျန်းမာရေး စစ်ဆေးမှုများပြုလုပ်ကာ ကိုယ်ပူချိန်တိုင်းပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးပြီး ပုံမှန်အခြေအနေရှိသူများကို ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပါသည်၊ ဆေးထိုးပြီးပါက နာရီဝက်ခန့် အနားယူစေခြင်း တို့ကိုပြုလုပ်ဆောင်ရွက်ပေးလျက်ရှိပါသည်။
အဆိုပါ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရာတွင် မြို့နယ်ကိုဗစ်- ၁၉ ရောဂါ ထိန်းချုပ်ရေးရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကြီးကြပ်ဆောင်ရွက်ပေးပြီး ရဲတပ်ဖွဲ့တင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ Volunteer များကလည်း လိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်နိုင် (ပြန်/ဆက်)