ဖောင်းပြင်မြို့နယ်၌  ကိုဗစ်- ၁၉ ရောဂါ သံသယရှိသူ ၅ ဦးအား စစ်ဆေးရာ ၃ဦး၌ ရောဂါပိုးတွေ့ရှိ

ဖောင်းပြင် ဩဂုတ် ၃၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူဟု သံသယရှိသူ(၅) ဦး အား  RDT Test Kit ဖြင့် ယနေ့တွင်စစ်ဆေးခဲ့ရာ  (၃) ဦးတွင် ကိုဗစ်- ၁၉ ရောဂါပိုးတွေ့ရှိကြောင်း သိရသည်။

အဆိုပါပိုးတွေ့ရှိသူများမှာ အောင်ဆန်း ၂ လမ်းမှ ၁ ဦး / ကွန်းတောင်းကျေးရွာမှ ၁ဦးနှင့် နန်းတော်ကျေးရွာမှ ၁ဦးတို့ဖြစ်ကြပြီး ၎င်းတို့အား မင်းကွန်းဓမ္မရိပ်သာ၌ ဖွင့်လှစ်ထားရှိသော Isolation Word တွင် ကုသပေးလျက်ရှိကြောင်း သိရသည်။

ဖောင်းပြင်မြို့နယ်၌ ကိုဗစ်- ၁၉ရောဂါတွေ့ရှိသူ လူဦးရေစုစုပေါင်း ယနေ့အထိ ၆၆၇ ဦးရှိပြီး  ကျန်းမာရေး ကောင်းမွန်၍ ဆေးရုံမှ ဆင်းခွင့်ရသူ ၆၂၆ ဦးနှင့် ကုသဆဲ၂၂ဦးရှိကာ ထိုရောဂါဖြင့် သေဆုံးခဲ့သူ ၁၉ ဦးရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)