ကယားပြည်နယ် ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေး အဖွဲ့မှ လွိုင်ကော်မြို့အတွင်းရှိ ဆေးဆိုင်များအား သွားရောက်ကြည့်ရှုစစ်ဆေး

လွိုင်ကော်      ဩဂုတ်         ၃၀

လွိုင်ကော်မြို့အတွင်း ရောင်းချနေသည့် ဆေးဝါးနှင့် ဆေးပစ္စည်းဆိုင်များအား ဈေးကွက်အတွင်း ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်း မရှိစေရေးအတွက် ကယားပြည်နယ် ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့သည် ယနေ့နံနက် ၁၀ နာရီမှစ၍ မြို့ပေါ်ရပ်ကွက် အတွင်းရှိ ဆေးဝါးနှင့် ဆေးပစ္စည်းဆိုင်များအား ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ကယားပြည်နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးစန်းဝင်း ဦးဆောင်သည့် အဖွဲ့တို့သည် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မြင့်မားနေသည့် ကာလတွင် ဈေးကွက်အတွင်း ကူးစက်ရောဂါ ကာကွယ်၊ ကုသရေးဆေးဝါး၊ ဆေးပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ သတ်မှတ်အရည် အသွေးနှင့် ဈေးနှုန်းမှန်ကန်စေရေး၊ ဆေးဆိုင်များအားလုံး နေ့စဉ်ပုံမှန်ဖွင့်လှစ်ရောင်းချရေးနှင့် ဆေးဝါးနှင့် ဆေးပစ္စည်းများကုမ္ပဏီနှင့် ဆေးဆိုင်များမှ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေး ဦးစားပေးကူညီဆောင် ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)