သနပ်ပင် သြဂုတ် ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ မြို့နယ်ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ က ယမန်နေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်/ ကျေးရွာ ကော်မရှင် အဖွဲ့ခွဲရုံးများသို့ သွားရောက်၍ မဲဆန္ဒ ရှင်အမည်စာရင်းများ ကပ်ထားကြေညာထားရှိမှုများအား ကွင်းဆင်း စစ်ဆေး ဆောင်ရွက် ခဲ့ကြောင်း သိရှိရ သည်။
သနပ်ပင်မြို့နယ်အနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့် ရှိသူ လျားထားစာရင်းအရ (၁၁၉၀၇၀) ဦးရှိကြောင်း၊ မြို့နယ်အတွင်း ရပ်ကွက်နှင့် ကျေးရွာများရှိ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲရုံးများ၌ မဲဆန္ဒရှင်များ၏ စာရင်းများ ကြေညာထားရာတွင် စနစ်တစ်ကျရှိစေ ရေး၊ ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများကို သြဂုတ် (၁၄) ရက်နေ့ထိ တိုးမြှင့်ကြေငြာထားကြောင်း မဲစာရင်း၌ မိမိအမည်မပါရှိလျှင် ပုံစံ(၃)ဖြင့် တောင်းယူဖြည့်စွက်ရန် မဲစာရင်း၌ မပါသင့်သူများ ပါဝင် နေပါက ပုံစံ(၄)ဖြင့် တောင်းယူ ဖြည့်စွက်ကန့်ကွက်၍ မဲစာရင်း၌ ပါနေသည့် အချက်အလက်များ ပြင်ဆင် လိုလျှင် ပုံစံ (၄-ဂ)ဖြင့် တောင်းယူဖြည့်စွက်ပြင်ဆင်ရန် တို့ကို ပြည်သူများအား အသိပေးဆွေးနွေးခြင်း၊ ပြန်လည်ပြင်ဆင်ပေးရန် လျှောက်ထားလာမှုများရှိပါက ရက်ကွက်/ကျေးရွာကော်မရှင် အဖွဲ့ခွဲအနေဖြင့် သတ်မှတ်ထားသော ပုံစံများဖြင့် စနစ်တကျဆောင်ရွက်ရန် ဒုတိယအကြိမ် မဲဆန္ဒရှင် စာရင်းများ ပြန်လည်ကပ်ထား ကြေညာချိန်၌ ပိုမိုတိကျပြီး စာရင်းမှန်ကန်မှုရှိစေရေးအတွက် ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများက ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက် ကြရန် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
သနပ်ပင်မြို့နယ်တွင် ယခုအချိန်ထိ မဲစာရင်းကြည့်ရှုသူပေါင်း(၅၂၉၉၄)ရှိပြီး ဆန္ဒမဲပေးနိုင်သည့် မဲရုံပေါင်း (၉၁)ရုံ ထားရှိပြီး၊ သြဂုတ်လ ဒုတိယအပတ်အတွင်း ပုံစံ(၃)တောင်းဆိုသူဦးရေ (၁၂၃၄) ဦး၊ ပုံစံ(၃-က) တောင်းဆိုသူဦးရေ( ၁၇၈ )ဦး၊ ပုံစံ(၄-ဂ)ပြင်ဆင်သူဦးရေ(၂၃၄)ဦး၊ ပုံစံ(၄)ကန့်ကွက်လွှာအတွက် ဦးရေ(၄၂၈)ဦးထိ ရှိကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရှိရသည်။
လှမိုး (ပြန်/ဆက်)