ကျောက်တံခါးမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံ မော်တာအပ်ချုပ်သင်တန်းဖွင့်လှစ်

ကျောက်တံခါး  ဩဂုတ်  ၁၃

ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ကျေးလက်ဒေသဖွံဖြိုးရေးဦးစီးဌာနမှဖွင့်လှစ်သည့် အသက်မွေးဝမ်းကြောင်း အထောက် အကူပြု အခြေခံမော်တာ အပ်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီ၌ ရေလယ်စုကျေးရွာ၊ ရွှေလည်ကျွန်း ဘုန်းတော်ကြီး ကျောင်းတွင် ပြုလုပ်သည်။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ကျေးလက်ဒေသ ဖွံဖြိုးရေး ဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးတို့က အမှာစကားပြောကြားကြပါသည်။ ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ် ဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး သင်တန်းသားများအား သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေး အဖွဲ့အစည်းများ၊ သင်တန်းသား/ သင်တန်းသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့ပါသည်။ အဆိုပါ သင်တန်းကို သင်တန်းသား(၄၀)ဦးဖြင့်ဩဂုတ်လ (၁၂)ရက်မှ စက်တင်ဘာ(၁၀)ရက်ထိ ဖွင့်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက် ဒေသ ဖွံ့ဖြို့းရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးက ပြောကြားကြောင်းသိရှိရသည်။

စန်းစန်း(ပြန်/ဆက်)