ကလေးမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် Cash For Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ကလေး ဩဂုတ် ၁၃

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် Cash For Work စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နေ မှုများကို ယမန်နေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်မှူး (နည်းပညာ)ဒေါ်အိခင်ညို နှင့်တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက် နေမှုများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်းသိရသည်။

ရှေးဦးစွာ ကလေးမြို့နယ်အတွင်း Cash For Work စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက် နေသော ကျော်ရွာကျေးရွာရှိ ကွန်ကရစ်လမ်းခင်းကျင်းခြင်းအားလည်းကောင်း၊ ရန်ကြီးအောင်ကျေးရွာ ကျေးရွာတွင်းလမ်း သဲ၊ကျောက်ခင်းကျင်းခြင်းအားလည်းကောင်း၊ ဘိုကုန်းကျေးရွာ ကျေးရွာတွင်းလမ်း သဲ၊ကျောက် ခင်းကျင်းခြင်းတို့အား တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်မှူး (နည်းပညာ)နှင့် အဖွဲ့များ၊ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဒေါ်ဥမ္မာရှိန်၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဦးငူလ်ဆွင်းခိုင်နှင့် တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် လုပ်ငန်းများအား သတ်မှတ်သည့်စံချိန်စံညွှန်းများနှင့် ကိုက်ညီမှု ရှိ/မရှိနှင့် ကိုဗစ်-၁၉ စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်တို့ကို မှာ ကြားခဲ့ကြကြောင်းသိရသည်။          

ထန်းဖုန်(ပြန်/ဆက်)