နတ်တလင်းမြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း ကျေးလက်ဒေသမှ စာဖတ်သူများ စာပေဖတ်ရှုစေရေး စာအုပ်စာစောင်များဌားရမ်းပေးအပ် အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်း ကွင်းဆင်း ဆောင်ရွက်

နတ်တလင်း  သြဂုတ် ၁၃

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလ အတွင်း ကျေးလက်ဒေသမှ စာဖတ်သူများ စာဖတ်စေရေး အဆင်ပြေ စေရန် စာအုပ်စာစောင်များ ငှားရမ်း ပေးခြင်းနှင့် အသိပညာဗဟုသုတ တိုးပွားစေရေး အတွက် အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းကို ယမန်နေ့ နေ့လယ် (၂)နာရီက လဲတောကျေးရွာအုပ်စု လဲတောကျေးရွာရှိ ဒေါ်အေးစန်း၏နေအိမ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျေးလက်ဒေသရှိ စာဖတ်သူများ စာပေဖတ်ရှုမှု အဆင်ပြေစေရန် စာအုပ်စာစောင် (၁၀၀)အုပ်ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်လဲ့ဝါမြင့်က ဒေါ်အေးစန်းထံသို့ ငှားရမ်းပေးအပ်၍ မူးယစ်ဆေးဝါး တားဆီး ကာကွယ်ရေး အသိပညာပေး နံရံကပ် စာစောင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကိုလည်း ပြသပေးခဲ့ကြောင်း သိရသည်။

ဝင်းမြင့် နတ်တလင်း