တပ်ကုန်းမြို့ ခုတင်(၁၀၀)ပြည်သူ့ဆေးရုံဝန်းအတွင်း၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

 တပ်ကုန်း ဩဂုတ် ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ခုတင်(၁၀၀) ပြည်သူ့ဆေးရုံဝန်းအတွင်း၌ ယနေ့ ညနေ ၄နာရီက မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးနိုင်လင်း၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသူရဦးနှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စုစုပေါင်းအင်အား(၄၀)ဦးခန့်၊ ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ ပေါင်းမြက်များ၊ ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း၊ရေမြောင်းများ ရေစီးရေလာ ကောင်းမွန်ရန် ရေမြောင်း အတွင်းရှိ အမှိုက်သရိုက်များ ကောက်ယူသန့်ရှင်းခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်