မွန်ပြည်နယ်ဝန်ကြီးချုပ် ကျိုက်မ​ရောမြို့နယ်၊ နိတုံ​ကျေးရွာ မိုးစပါး​ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့်  စပါးစိုက်ခင်းများအတွက် မျိုးစပါး (၁၄၈၀)တင်း ​ထောက်ပံ့​ပေးအပ်

ကျိုက်မ​ရော   ဩဂုတ်  ၂၉

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်း၊ ​အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများသည် ယမန်နေ့ နံနက် ၉ နာရီက ကျိုက်မ​ရောမြို့နယ်၊ နိတုံ​ကျေးရွာ မိုးစပါးရေကြီး နစ်မြုပ်ပျက်စီးခဲ့သည့်  စပါးစိုက်ခင်းများအတွက်  ပြန်လည်စိုက်ပျိုးမည့် တောင်သူများသို့   မျိုးစပါး ၁၄၈၀ တင်း ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနား တက်​ရောက်သည်။ 

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်တွင် နှစ်စဉ်မိုးစပါးဧက ခြောက်သိန်း၊  ငါးသောင်း​ကျော်နှင့် ​နွေစပါးဧက လေးသောင်း​ကျော် စိုက်ပျိုးလျက်ရှိ​ကြောင်း၊  ဇူလိုင်လအတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့မှု​ကြောင့် ပြည်နယ်တစ်ခုလုံး၏ မြို့နယ် ၇   မြို့နယ်မှာ ​မိုးစပါး စိုက်ဧက ၄၂၄၃၇ ရေလွှမ်းမိုးခဲ့ပြီး ၉၈၂၅ ဧက  ပျက်စီးဆုံးရှုံးခဲ့​ကြောင်း၊ ကျိုက်မ​ရောမြို့နယ်အ​နေဖြင့် ​ရေနစ်မြုပ်ကာလကြာမြင့်ခြင်း​ကြောင့်   စပါးစိုက်ခင်းများ  အချိန်မီပြန်လည်စိုက်ပျိုးနိုင်ရန်   မျိုးစပါးများ ​ထောက်ပံ့​ပေးအပ်ခြင်းဖြစ်​ကြောင်း၊ တောင်သူများအနေဖြင့် စိုက်ဧကပြည့်မီ​ရေး၊ အထွက်နှုန်း​ကောင်းမွန်​ရေး ကြိုးပမ်း​ဆောင်ရွက်​ကြရန်ပြောကြားပြီး  မျိုးစပါး ၁၄၈၀ တင်း​  ထောက်ပံ့ပေးအပ်သည်။ 

ဆက်လက်၍ စိုက်ပျိုး​ရေးဦးစီးဌာနမှ တာဝန်ရှိသူများကို မိုးစပါးအထွက်နှုန်း တိုးတက်​စေ​ရေးအတွက် သဘာဝ​မြေဩဇာနှင့် ဓါတ်​မြေဩဇာကို​ပေါင်းစပ်ပြီး အချိုးကျ အသုံးပြုနိုင်​ရေး၊ ပိုးမွှား​ရောဂါ ကာကွယ်နှိမ်နင်း​ရေး နည်းပညာ​ပေးလုပ်ငန်းများကို ထိ​ရောက်စွာ ​ဆောင်ရွက်ကြရန်မှာကြားကာ တောင်သူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ ​ပေါင်းစပ်ညှိနှိုင်း​သည်။ 

မွန်ပြည်နယ်တွင် ဩဂုတ်လအထိ မိုးစပါး ၆၆၈၇၄၉ ဧက စိုက်ပျိုးပြီးစီးခဲ့၍ ၉၇ ဒဿမ ၁၆ ရာခိုင်နှုန်း စိုက်ပျိုးပြီးဖြစ်​ကြောင်း၊ ဇူလိုင်လအတွင်း မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မြစ်​ရေလျှံခြင်းတို့​ကြောင့် ကျိုက်မ​ရောမြို့နယ်တွင် မိုးစပါး ၁၁၀၆၉ ဧက ​ရေလွှမ်းမိုးခဲ့ပြီး ၅၅၇၁ ဧက ပျက်စီးခဲ့၍ ပြန်လည်စိုက်ပျိုးနိုင်​ရေးအတွက် မျိုးစပါးများကို ​​ထောက်ပံ့​ပေးအပ်ခြင်းဖြစ်​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)