စစ်ကိုင်း ဩဂုတ် ၁၃
ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်စပ်လျဉ်း၍ အရေးကြီးကာလအတွင်း ပုံမှန်ဝင်ငွေမရှိ သည့်အခြေခံလူတန်းစားအိမ်ထောင်စုများအား နိုင်ငံတော်မှထောက်ပံ့ပေးအပ်သည့် အိမ်ထောင် စုတစ်စုရရှိငွေ(၂၀၀၀၀)ကျပ်စီအား ပြန်လည်ထုတ်ပေးနိုင်ရန်အတွက် ယနေ့ နံနက် (၉)နာရီခွဲက မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ မြို့နယ်အတွင်းရှိ သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများသို့ ပြန်လည်ထုတ်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ထောက်ပံ့ငွေများကို နိုင်ငံတော်မှ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုတစ်စုလျှင် ပထမ အကြိမ်မှာ အခြေခံစားသောက်ကုန်ပစ္စည်း(၅)မျိုး၊ ဒုတိယအကြိမ်မှာ ငွေ(၁၅၀၀၀)ကျပ် နှုန်း၊ တတိယအကြိမ်မှာ ငွေ(၂၀၀၀၀)ကျပ်နှုန်းနှင့် စတုတ္ထအကြိမ်မှာငွေ(၂၀၀၀၀)ကျပ်နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ရာ စစ်ကိုင်းမြို့နယ်အတွင်းရှိ မြို့မတိုက်နယ်မှ (၂၄၀၃၄)အိမ်ထောင်စု၊ တဲကြီးတိုက်နယ်မှ (၈၆၃၉)အိမ်ထောင်စု၊ အုန်းတောတိုက်နယ်မှ (၇၈၀၁)အိမ်ထောင်စု၊ တအိမ်တည်းတိုက်နယ်မှ(၁၈၀၉)အိမ်ထောင်စု၊ ညောင်ပင်ဝန်းတိုက်နယ်မှ(၆၂၄၀)အိမ်ထောင်စု၊ ရွာသစ်ကြီးတိုက်နယ်မှ(၄၈၃၀)အိမ်ထောင်စု၊ ဆားတောင်မြို့ (၁၁)ရပ်ကွက်နှင့်ဆားတောင် တိုက်နယ်မှ (၉၆၃၉)အိမ်ထောင်စု၊ တောင်ရိုးတိုက်နယ်မှ(၄၇၂၂)အိမ်ထောင်စု၊ မင်းကွန်းတိုက် နယ်မှ(၄၄၉၆)အိမ်ထောင်စု၊ ပဒူတိုက်နယ်မှ(၅၇၃၄)အိမ်ထောင်စုတို့အား ထောက်ပံ့ငွေကျပ် (၁၅၅၈၈၈၀၀၀၀)အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
မြို့ပေါ် ရပ်ကွက်နှင့်ကျေးရွာအချို့တွင် အိမ်ထောင်စုတစ်စုလျှင်ကျပ်(၂၀၀၀၀)နှုန်းဖြင့် နေ့ချင်း ပြန်လည်ထုတ်ပေးနေပြီဖြစ်ကြောင်း သိရသည်။
မျိုးဝင်း (ပြန်/ဆက်)