မဲဆန္ဒရှင်စာရင်း စိစစ်ရေး လုပ်ငန်းကော်မတီများ ဖွဲ့စည်းရန်နှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီဖွဲ့ စည်းရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ဟင်္သာတ  ဩဂုတ် ၁၃

ဟင်္သာတမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းစိစစ်ရေး လုပ်ငန်းကော်မတီ ဖွဲ့စည်းရန်နှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီဖွဲ့ စည်းရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက အဆိုပါရုံးအစည်း အဝေး ခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ  ဥက္ကဋ္ဌ ဦးသောင်းအေးက အဖွင့်အမှာစကားပြော ကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဒေါ်စန်းစန်းအေးက မဲဆန္ဒရှင်စာရင်း စိစစ်ရေး လုပ်ငန်း ကော်မတီများ ဖွဲ့စည်းရန်နှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီဖွဲ့စည်းရန် အတွက် လုပ်ငန်းညှိနှိုင်းအစည်း ပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် ကော်မတီ၏ လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားပြီးနောက် တက်ရောက် လာသည့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင် များက ကော်မတီဖွဲ့စည်းနိုင်ရေး အကြံပြုဆွေး နွေးမှုများ ပြုလုပ်ခဲ့ကြသည်။

 ဟင်္သာတမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၏ စာရင်းများအရ မဲဆန္ဒရှင် စာရင်းဉ်‌ရေ ၂၆၂၅၉၁ ဦးနှင့် မဲရုံပေါင်း ၂၈၂ ရုံ ရှိကြောင်း သိရသည်။

ကျော်ကျော်(ပြန်/ဆက်)