မင်းလှမြို့၌ Mobile Test  Kits စစ်ဆေးရေးမော်တော်ယာဉ်ဖြင့် ကျေးရွာများအရောက် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးပေး

အထက်မင်းလှ ဩဂုတ် ၂၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ကိုဗစ်-၁၉‌ ရောဂါ ကာကွယ်ထိန်းချုပ်ရန် နှင့် ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် Mobile Test  Kits စစ်ဆေးရေး မော်တော်ယာဉ်ဖြင့် ယနေ့နံနက် (၉)နာရီက ရပ်ကွက်/ ကျေးရွာများသို့ သွားရောက်၍ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။

မင်းလှမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု လျော့နည်းလာပြီဖြစ် သော်လည်း၊ ရပ်ကွက်/ ကျေးရွာများ၌ ရောဂါကူးစက်မှုများ ရှိနေသည့်အတွက် ရောဂါကူးစက်မှု မရှိစေရန်နှင့် ဖျားနာနေသူများ၊ သံသယရှိသူများအနေဖြင့် ရောဂါကူးစက်မှု ဆက်လက်မပြန့်ပွားစေရန် ရည်ရွယ်၍  မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ် ရေးမှူးများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပူး‌ပေါင်းအဖွဲ့က  Mobile Test  Kits စစ်ဆေးရေးမော်တော်ယာဉ်ဖြင့် ဒီးဒုတ်ကန်ကျေးရွာနှင့် အိုးဘိုကုန်းကျေးရွာတို့မှ ဖျားနာသူများ၊ သံသယရှိနေသူများအား ရောဂါပိုးရှိ/ မရှိကွင်းဆင်းစစ်ဆေး ဆောင်ရွက်‌ပေးပြီး၊‌ ရောဂါပိုး‌တွေ့ရှိသူများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သက်ဆိုင်ရာ တိုက်နယ် ဆေးရုံများ၌ ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။

ဇာဇာ