အထက်မင်းလှ ဩဂုတ် ၂၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် Mask Campaign ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် နှာခေါင်းစည်း Mask များအား ရပ်ကွက်/ ကျေးရွာအုပ်စုများရှိ အိမ်ထောင်စုများ လက်ဝယ်အရောက် ဩဂုတ်လ ၂၅ ရက်နေ့မှစတင်ဖြန့်ဝေပေးလျက်ရှိရာ ယနေ့အထိ နှာခေါင်းစည်း Mask ဗူး ၃၃၀၀ ဗူး ဖြန့်ဝေပေးပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ Mask Campaign ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးခြင်းကို မင်းလှမြို့နယ်၌ ရပ်ကွက် ၆ ရပ်ကွက်၊ ကျေးရွာအုပ်စု ၆၃ အုပ်စု၊ ကျေးရွာပေါင်း ၁၅၃ရွာမှ ပြည်သူများအား နှာခေါင်းစည်း Mask ဗူး ၃၃၀၀ ဗူးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ရပ်ကွက်/ ကျေးရွာများမှ အိမ်ထောင်စုများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ပြီး ဖြစ်သည်။
အဆိုပါ Mask Campaign ရက်သတ္တပတ် လှုပ်ရှားမှု နှာခေါင်းစည်း Mask များ ဖြန့်ဝေရန် မင်းလှမြို့နယ်အတွက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ နှာခေါင်းစည်း Mask ဗူး ၃၃၀၀ ဗူး ထုတ်ပေးခြင်းဖြစ်ပြီး၊ မင်းလှမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု လျော့နည်းစေရန်နှင့် ဆက်လက်ပြန့်ပွားမှု မရှိစေရန် ရည်ရွယ်၍ ရပ်ကွက်/ ကျေးရွာများရှိ အိမ်ထောင်စုဝင်များ လက်ဝယ်အရောက် ဖြန့်ဝေပေးခြင်း ဖြစ်ကြောင်းသိရသည်။
ဇာဇာ