မြို့သစ် သြဂုတ် ၂၈
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့တွင် စာသင်ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းမြေ့စွာ စာသင်ကြားနိုင်စေရန်အတွက် မြို့သစ်မြို့ မြို့မ အလယ်တန်းကျောင်းခွဲ ကျောင်းမြေနေရာတွင် (၉၀' x ၃၀') RCC (၂) ထပ် ကျောင်းဆောင်သစ်ကို မေလဆန်းပိုင်းက စတင်ဆောက်လုပ်ခဲ့ရာ ယခုအခါတွင် (၇၀) ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်းမြို့နယ် ပညာရေးမှူးရုံးမှသိရသည်။
မြို့သစ်မြို့ မြို့မအလယ်တန်းကျောင်းခွဲ (၉၀'x၃၀') RCC (၂) ထပ် ကျောင်းဆောင်သစ် တည် ဆောက်ခြင်းကို ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် ခွင့်ပြုငွေကျပ် (၁၃၃ ဒသမ ၃၈) သန်းဖြင့် တင်ဒါအောင်မြင် သော ခင်ဇော်တိုးကုမ္ပဏီက တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ပြီး ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်းအား စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အရည်အသွေး စစ်ကော်မတီ၊ ပညာရေးဦးစီးဌာနနှင့် တာဝန်ရှိသူတို့က ကြီးကြပ်ဆောင်ရွက်ခဲ့ရာ ယခုအခါ(၇၀)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
သန်းဝင်းထွန်း( ပြန်/ဆက်)