သဲကုန်း သြဂုတ် ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၌ သြဂုတ်လ ၂၈ ရက်နေ့က ရွေ့လျားစစ်ဆေးရေးယာဉ်ဖြင့် ရပ်ကွက်/ ကျေးရွာများ အရောက် ကိုဗစ်-၁၉ ရောဂါ ပိုးရှိ/ မရှိ စစ်ဆေးပေးလျက်ရှိသည်။
သဲကုန်းမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ရောဂါပိုး ကူးစက်မှုလျော့နည်းလာပြီဖြစ်သော်လည်း ရပ်ကွက် ကျေးရွာများ၌ ရောဂါကူးစက်မှုများ ရှိနေသည့်အတွက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က ရွေ့လျားစစ်ဆေးရေးယာဉ်ဖြင့် သဲကုန်းမြို့နယ် စည်ပင်သာယာစျေးနှင့် ပုတီးကုန်း မြို့မစျေးအတွင်းရှိ စျေးရောင်းချနေသော စျေးသည်များအား ရောဂါပိုးရှိ/ မရှိကွင်းဆင်း စစ်ဆေး ဆောင်ရွက်ပေးလျက်ရှိပြီး ရောဂါပိုးတွေ့ရှိသူများအား သက်ဆိုင်ရာ Quarantine Centre များသို့ ပို့ဆောင်ပေးခဲ့သည်။
သဲကုန်းမြို့နယ်တွင် သြဂုတ်လ ၂၇ ရက်နေ့အထိ ရောဂါပိုးတွေ့ရှိသူ(၁၂၅၅)ဦး ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရရှိသူ(၁၀၁၀) ဦး ဆေးရုံတက်လက်ကျန် (၁၅၅)ဦးနှင့် သေဆုံးသူ (၉၀)ဦး ရှိကြောင်း သိရှိရသည်။
နိုင်လင်း(မြို့နယ်ပြန်/ဆက်)