နတ်မောက်မြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ပိုးရှိ/ မရှိ RDT Test Kit ဖြင့် အခမဲ့စစ်ဆေးခြင်းကို    ရွေ့လျား Mobile ယာဉ်ဖြင့် ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်

နတ်မောက်   ဩဂုတ်  ၂၈

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ RDT Test Kit  ဖြင့် အခမဲ့စစ်ဆေးခြင်းကို ရွေ့လျား Mobile ယာဉ်ဖြင့်   ယမန်နေ့ နေ့လည်(၁)နာရီခွဲ  အချိန်ခန့်က နတ်မောက်မြို့နယ်‌ ဂွေးတောက်ကုန်းကျေးရွာအုပ်စု လင်းဒလူးကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ဒေသခံ ပြည်သူများအား ကျေးရွာအရောက် စစ်ဆေးဆောင်   ရွက်ပေးခဲ့သည်။

ထိုသို့ ရွေ့လျား Mobile ယာဉ်ဖြင့်  ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့စစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် နတ်မောက်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက လင်းဒလူးကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ဖားကန့်မြို့နယ်မှ နေရပ်ပြန်လာသူ ဂွေးတောက်ကျေးရွာ ဒေသခံပြည်သူ (၅) ဦးအား RDT Test Kit  အခမဲ့စစ်ဆေးရာ ပိုးတွေ့သူမရှိကြောင်း သိရသည်။

နတ်မောက်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများသော ကျေးရွာများသို့ ရွေ့လျား Mobile ယာဉ်ဖြင့် RDT Test Kit  ဖြင့် ကျေးရွာအရောက် အခမဲ့ စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး      ကော်မတီထံမှ သိရသည်။

လှဝင်း