အမ်းမြို့နယ်တွင်ကိုဗစ်၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်စေရန်အသံချဲ့စက်ဖြင့်အသိပညာပေးနှိုးဆော်ခြင်းနှင့် Mask Campagin အရှိန်အဟုန်မြှင့်တင် ဆောင်ရွက် လျက်ရှိ

 

အမ်း  သြဂုတ်  ၂၇

 

ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်မြိူ့နယ် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းနှင့် နှာခေါင်းစည်း MaskCampagin ဆောင်ရွက် ခြင်းကို မြို့ပေါ်ရပ်ကွက်များ လမ်းဆုံလမ်းမများ၌ ယနေ့ နံနက်၈နာရီအချိန်က အရှိန် အဟုန်မြှင့်တင်ဆောင်ရွက်ခဲ့သည်။

ထို့သို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကူးစက်မှုများ လျော့နည်းစေရန်၊ ရောဂါကွင်းဆက်ပြတ်တောက်မှုရှိစေရန် ပြည်သူ့ အားလုံးပါဝင်၍ ပူးပေါင်း ကာကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ကာကွယ်ရေး ဆိုင်ရာနည်းလမ်းများကို လိုက်နာ၍ နေထိုင်ကြစေရန် ရောဂါဖြစ်ပွားမှု သံသယဖြစ်ပေါ်ပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ အချိန်မီဆက်သွယ်၍ ဆေးကုသမှု ခံယူကြစေရန် အစရှိသည် အချက်များအား အသံချဲ့စက်ဖြင့် လှည့်လည်၍ အသိပညာပေး နှိုးဆော်ခြင်းအပြင်လမ်းပေါ်၌ ဖြတ်သန်းသွားလာသူပြည်သူများအား နှာခေါင်းစည်းmask (၃၀၀)ခု အားအခမဲ့ဖြန့်ဝေဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

 

ဝင်းအိမွန်