မောင်တော ဩဂုတ် ၂၇
ရခိုင်ပြည်နယ်၊ မောင်တောမြို့သို့ အောက်ဆီဂျင်ထုတ်စက်မှာ ၂၀၂၁ခုနှစ် ၊ ယမန်နေ့ နေ့လယ် ၂ နာရီ အချိန်တွင် ပြည်သူ့ဆေးရုံကွင်းအတွင်း ရောက်ရှိခဲ့ရာ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးမှူးအဖွဲ့ဉက္ကဋ္ဌ နှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှု အားပေးကြသည်။
အဆိုပါ အောင်စီဂျင်စက်ရုံကို မြို့နယ်အတွင်း အောက်ဆီဂျင်ပြတ်လတ်မှုမရှိစေရေး အတွက် မောင်တော မြို့နေ ပြည်သူများ နှင့် စေတနာရှင် အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် အောင်စီဂျင်စက်ရုံ ကို ပြည်သူ့ဆေးရုံဝင်း အတွင်း တည်ဆောက်လျက်ရှိရာ ယခုအခါ အောက်ဆီဂျင်စက်ရုံမှာ ၄၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။ ယခုအခါ ၂၀၂၁ခုနှစ် ၊ ယမန်နေ့ နေ့လယ် ၂ နာရီ အချိန်တွင် ငွေ ၆၀,၈၇၅,၀၀၀ ကျပ် တန်ဖိုးရှိ အောက်ဆီဂျင်စက် နှင့် ဆက်စပ် ပစ္စည်းများ ရောက်ရှိလာရာ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကရုဏာကွန်ရက်အဖွဲ့ဝင်များက အောက်ဆီဂျင်စက် ယာယီ ထားရှိမည့် နေရာသို့ ကူညီ ရွေ့ပြောင်း ဆောင်ရွက်ပေးကြသည်။ အောက်ဆီဂျင် စက်ရုံအတွက် ကျပ်သိန်း ၁၄၀ တန်ဖိုးရှိ မီးစက် (100)Kvaနှင့် ဆက်စပ် ပစ္စည်းများလည်း ရောက်ရှိနေပြီး ဖြစ်ရာ အောက်ဆီဂျင် ဆလင်ဒါ အိုးကြီး (၁၅၀) လုံးနှင့် ဆက်စပ် ပစ္စည်းများမှာ ထပ်မံ၍ ရောက်ရှိ လာမည်ဖြစ်ပြီး အောက်ဆီဂျင်စက်ရုံ လည်ပတ်လာပါက (၄၀) လီ တာဆံ့ အောက်ဆီဂျင်အိုး (၈၀)မှ (၁၂၀)အိုးထိ ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားကြောင်း မောင်တော မြို့နယ် အောက် ဆီဂျင်စက်ရုံဖြစ် မြောက် ရေး ကော်မတီ ဉက္ကဋ္ဌ ဦးလှမြင့် ထံမှသိရသည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)