တနိုင်း သြဂုတ် ၁၃
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ကို ပြည်သူ့စာကြည့် တိုက်ခန်းမ၌ ယနေ့နေ့လယ် (၁)နာရီ အချိန်က ပြသဆောင်ရွက်ခဲ့သည်။
အဆိုပါ နံရံကပ်စာစောင်တွင် ပြည်သူများ သိသင့်သိထိုက်သော လူကုန်ကူးမှုမြောက်စေသည့် အချက်အလက် အကြောင်းအရာများ၊ အသိပေးတိုင်ကြားနိုင်သည့် နည်းလမ်းများ၊ လူကုန်ကူးမှု ပြစ်မှု /ပြစ်ဒဏ်များအကြောင်း မှတ်တမ်းဓာတ်ပုံများ၊ ကာတွန်းသရုပ်ဖော်ပုံများနှင့် အခြားမှတ်တမ်း မှတ်ရာများဖြင့် ဝေဝေဆာဆာ ပြသဆောင်ရွက်ထားရာ ပြည်သူများစိတ်ပါဝင်စားစွာ ကြည့်ရှု လေ့လာခဲ့ကြသည်။
အဆိုပါ နံရံကပ်စာစောင်ကို သြဂုတ်လ (၁၃) ရက်နေ့မှ (၂၀)ရက်နေ့အထိ ရက်သတ္တပတ် တစ်ပတ်တိတိ ပြသဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းထင်ကျော်(ပြန်ဆက်)