မိုင်းယောင်း ဩဂုတ် ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်နေသော ကြက်ခြေနီသူနာပြုတပ်ဖွဲ့ အတွက် အလှူငွေနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပစ္စည်းများ၊ ကျန်းမာရေးသုံးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို စေတနာရှင် အလှူရှင်များက လာရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
မိုင်းယောင်းမြို့ အမှတ်(၂)ရပ်ကွက်မှ အလှူငွေ ကျပ်လေးသိန်း၊ ကျောင်းသူ ကျောင်းသား ဟောင်းများအဖွဲ့(Old School)မှ အလှူငွေ ၄၄၈၃၀၀ ကျပ်၊ ဦးစိုင်းခမ်းဖြူ မိသားစု၊ ဦးနွဲ့အွမ် မိသားစု၊ ဦးစိုင်းထွန်းအောင် မိသားစု၊ ဒေါ်နန်းဒါခမ်းနှင့် ကိုအောင်ဝင်းကျော်တို့က အလှူငွေ ကျပ်ငါးသောင်းစီ၊ ကိုဉာဏ်စိုးက အလှူငွေ ကျပ်နှစ်သောင်း၊ အိုက်အွမ့်က Mask ငါးဗူး၊ ဒေါ်သူဇာမြင့်က ပေါင်မုန့် အလုံး ၂၀ ပါ တစ်ဖာနှင့် ဝက်အူချောင်း နှစ်ကီလို၊ နန်းမွေဟွမ်လျဲန်းက အလှူငွေ ကျပ်သုံးသောင်း၊ မိုင်းယောင်းတပ်နယ်မှ ကြက်ဥ အလုံး ၁၀၀၊ ဒေါ်နန်းအေးအေးဝင်းနှင့် နန်းဘိုးဆောင်တို့က နံနက်စာ ခေါက်ဆွဲ၊ ခေါက်ဆွဲကြော် စသည့် စားကောက်ဖွယ်ရာများတို့ကို လာရောက်လှူဒါန်းခဲ့သည်။
မိုင်းယောင်းမြို့ ပြည်ခိုင်ဖြိုးပါတီမှ PPE ဝတ်စုံ သုံးစုံ၊ ကလိုရင်းဆေးရည် တစ်ဂါလံနှင့် Mask ငါးထုပ်၊ မစန်းစန်းယဉ်က ပိုးသတ်ဆေးဖျန်းစက် တစ်လုံး၊ Face Shield အခု ၂၀ နှင့် Mask အနံ့ကင်းစတေကာ ၁၀ ခု၊ “တော်ဝင်”ကုန်စုံဆိုင်မှ Amico မုန့် ငါးဗူး၊ Lipo(အားဖြည ့်အချိုရည်) တစ်ဖာ၊ Brands(ကြက်ပေါင်းရည်) ဗူးကြီး တစ်ဖာ၊ တစ်ရှူးစက္ကူ အခု ၁၀ ပါ တစ်ထုပ်နှင့် တခါသုံးရေနွေးခွက်များ၊ “ရွှေမိုင်းယောင်း”ထမင်းဆိုင်မှ ကျွဲရိုင်း(အားဖြည့် အချိုရည်) တစ်ဖာ၊ Mask(M 95) ၁၀ ဗူးနှင့် Cocacola(အချိုရည်) တစ်ဖာ၊ “မိဘမေတ္တာ”ကုန်စုံဆိုင်မှ အလှူငွေ ကျပ် ရှစ်သောင်း၊ စပွန်ဆာ(အချိုရည်) တစ်ဖာ၊ မားမား(ခေါက်ဆွဲ) တစ်ဖာနှင့် ဒင်းဂါး(ပေါင်မုန့်) အလုံး ၁၀၀ ပါ တစ်ဖာ၊ ရန်ကုန်မြို့မှ ဦးစိုင်းဟင် မိသားစုက အလှူငွေ ကျပ်နှစ်သိန်းတို့ကို ပေးပို့လှူဒါန်းခဲ့သည်။
ယခုအခါ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များသည် ကိုဗစ်-၁၉ အတည်ပြုလူနာများအား ဆေးကုသမှု ခံယူနိုင်ရန် ယာယီဆေးကုသဆောင်သို့ ကူညီပို့ဆောင်ပေးခြင်း၊ အတည်ပြု လူနာများ ကျန်းမာရေးကောင်းမွန်လာ၍ ဆေးရုံဆင်းခွင့်ရသူများကို အိမ်တိုင်ရာရောက် ပြန်လည်ပို့ဆောင်ပေးခြင်း၊ အရေးပေါ် သွေးလိုအပ်နေသူများအတွက် သွေးလှူဒါန်းပေးခြင်း၊ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း