ဘောလခဲ သြဂုတ် ၂၅
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင် မြို့နယ်တွင်းရှိ နိုင်ငံ့ဝန်ထမ်းမျာ၊ လူမှုရေးအ သင်းအဖွဲ့ဝင်များ၊ အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအားဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၈နာရီ အချိန်က မြို့နယ်ပြည်သူ့ ဆေးရုံတွင်ပြုလုပ်ခဲ့သည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် ဘောလခဲမြို့၊လက်ထောက်ဆရာဝန် ဒေါက်တာခင်ဝင်းချစ်ဦး ဆောင်၍ သူနာပြုဆရာမများက ကိုဗစ်-၁၉ ကာကွယ်ဆေး(Sinopharm China)ကို လာရောက် ထိုးနှံသည့် နိုင်ငံ့ဝန်ထမ်းမျာ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ အသက်(၆၅)နှစ်အထက် သက်ကြီးရွယ် အိုများအား ကိုယ်အပူချိန်တိုင်းတားခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ ဆီးချို၊ သွေးချိုရောဂါ စစ်ဆေးပေးခြင်း များပြုလုပ်ပြီးမှသာ ကာကွယ်ဆေးထိုးနှံပေးပြီး၊ ကာကွယ်ဆေးထိုးနှံပြီးပါက လည်း မိနစ်(၃၀)စောင့်ဆိုင်းစေခြင်းများ ပြုလုပ်ခဲ့ကြကြောင်သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် ကော်မတီဝင်များက ကြည့်ရှုအားပေးခဲ့ကြကြောင်းနှင့် ယနေ့ နံနက်ပိုင်းတွင် နိုင်ငံ့ဝန်ထမ်းမျာ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အို (၄၅)ဦးတို့အား ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။