သထုံ ဩဂုတ် ၂၅
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့တွင် ယနေ့ မနက်အစောပိုင်းကမိုးသည်း ထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကျိုက္ကော်ရပ်ကွက်၊ ရှင်ဥပဂုတ္တကန်တော်ရှိ အဆောက်အဦအချို့ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် ကန်တော်အတွင်းရှိ နဂါးရုံဘုရားပြသာဒ်ဆောင်မှာ အမိုးမျှား တန်းများပျက်စီးပြီး သွပ်(၅၀)ချပ်ခန့် အမိုးလန်ခြင်းနှင့် ရပ်တော်မူဘုရား အဆောက်အဦမှာ အမိုးပြသာဒ်ပျက်စီးပြီး သွပ်(၃၀)ချပ်ခန့် အမိုးလန်ကာ မျက်နှာကျက်များ ပျက်စီးခြင်းဖြစ်ပေါ်ခဲ့ ကြောင်းသိရသည်။
အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရိစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းပျက်စီး များမှုများကို ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်သတ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် အနီးအနားနေပြည်သူများက ဝိုင်းဝန်းရှင်းလင်းကူညီပေးခဲ့ကြကြောင်း သိရသည်။