ထန်းတပင် (ပဲခူး) သြဂုတ် ၂၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ စီစဉ် လမ်းညွှန်မှုဖြင့် ကိုဗစ်−၁၉ ရောဂါကာလအတွင်း ပြည်သူများစားဝတ်နေရေးအဆင်ပြေစေရန် ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် အခြေခံစားကုန်ဆန်များအား ကုန်စျေးနူန်း ကြီးမြင့်မှုမရှိစေရေး စျေးနူန်းသက်သာစွာဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့ ညနေပိုင်းမှစတင် ရောင်းချပေးလျက် ရှိသည်။
ထိုသို့ရောင်းချရာ၌ ဗျော့ထွန်းဆန်အမျိုးအစား ဆန်အိတ်(၂၄၀)အိတ်အား စားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် ဆန်တစ်ပြည် ငွေ (၁၀၀၀)ကျပ်နှုန်းဖြင့် ကိုဗစ်−၁၉ ရောဂါစည်းကမ်းချက်များနှင့်အညီ ရပ်ကွက်နှင့်ကျေးရွာများအတွင်းသို့ လှည့်လည် ရောင်းချပေးခဲ့ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)