ကျုံပျော်မြို့ရှိ အခြေခံအိမ်ထောင်စု (၁၈၀) ထံသို့ ဆန်များ ထောက်ပံ့လှူဒါန်း

ကျုံပျော်   ဩဂုတ်   ၂၅

ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ချို့တဲ့အိမ်ထောင်စုများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့ရှိ အခြေခံအိမ်ထောင်စု (၁၈၀) ထံသို့ ဆန်များ ထောက်ပံ့လှူဒါန်းခြင်းကို ပင်လုံရပ်ကွက်၌ ယနေ့ရက် က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှူဒါန်းရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇေယျမင်း၊အဖွဲ့ဝင်(၁) ဗိုလ်မှူး သိန်းစိုးဝင်း၊ မြို့နယ်ရဲ တပ်ဖွဲ့မှူး ရဲမှူးသန့်ဇော်ဦးနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး ပင်လုံရပ်ကွက်၊ခဲဘောင်ရှိ အခြေခံ အိမ်ထောင်စု (၁၈၀)ထံသို့ တစ်အိမ်ထောင်လျှင် ဆန်(၃)ပြည်နှုန်းဖြင့် ဆန်များ ထောက်ပံ့ လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။ ထိုသို့လှူဒါန်းခြင်းကို မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်အလှူရှင် (၄) ဦး တို့က စုပေါင်းလှူဒါန်းခြင်းဖြစ်ပြီး ၊ လှူဒါန်းရာတွင်လည်း ကျန်းမာရေးအားကစားဝန်ကြီးဌာနက ညွှန်ကြားထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်‌ရေး စည်းကမ်းချက်များနှင့်အညီ  ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။