ရှင်ဗွေယန် ဩဂုတ် ၁၃
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့ ပြည်သူ့စာကြည့်တိုက်တွင် လာရောက် စာပေဖတ်ရှု လေ့လာနေသည့် စာဖတ်ပရိတ်သတ်များ စာပေဗဟုသုတများ ပိုမိုတိုးပွားလာစေရေးအတွက် ရှင်ဗွေယန်မြို့ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များက ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သို့ သုတ/ ရသ စာအုပ်များ လာရောက် လှူဒါန်းခဲ့သည်။
အဆိုပါ သုတ/ရသ စာအုပ်များကို ရှင်ဗွေယန်မြို့ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇုံဆွေနှင့် အသင်းအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး အသင်းအဖွဲ့ဝင်များက သုတ/ရသ စာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်လင်းသွယ်သွယ်ဦးက လက်ခံရယူခဲ့ကြောင်း သိရသည်။
လင်းသွယ်ဦး(မြို့ ပြန်/ဆက်)