ဘိုကလေး ဩဂုတ် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ စံပြဈေးအတွင်း ရောင်းဝယ်ဖောက်ကားလျက်ရှိသည့် ဈေးရောင်းဈေးဝယ် များအား ယနေ့နံနက်(၈)နာရီ၌ မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ အမှတ်(၆)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့တို့ပူးပေါင်းကာ သတ်မှတ်ချက်များနှင့် အညီရောင်းချမှု ရှိ၊မရှိ ကြပ်မတ်စစ်ဆေးခဲ့သည်။
စစ်ဆေးရာတွင် ဈေးရောင်းချသူများအနေဖြင့် နှာခေါင်းစည်း(Mask) တပ်ဆင်ရောင်းချမှု ရှိ၊မရှိ၊ အခြေခံစားသောက်ကုန်ဆိုင်များမှ အပ အဝတ်အထည်၊ထီး၊ဖိနပ် ကဲ့သို့သော အခြားဆိုင်များ ရောင်းချနေမှု ရှိ၊မရှိတို့အား စစ်ဆေးဆောင်ရွက်၍ သတ်မှတ်ချက်များနှင့် မညီသော ဈေးဆိုင် များအား အလေးထား ဆောင်ရွက်ရန် အသိပေး ကြပ်မတ်ခဲ့ကြကြောင်း သိရသည်။
မိုးစက်