ပဲခူး သြဂုတ် ၂၅
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်မှုနှင့် ပဲခူးခရိုင်နှင့်မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီများ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဩဂုတ်လ (၂၃)ရက်နေ့ ညနေပိုင်းအချိန်မှစတင်၍ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါ ကာလ အတွင်း ပဲခူးခရိုင်အတွင်းရှိ ပဲခူး၊ ကဝ၊ ကျောက်တံခါး၊ ညောင်လေးပင်၊ ဒိုက်ဦး၊ ရွှေကျင်၊ ဝေါနှင့်သနပ်ပင်မြို့နယ်များတွင် အခြေခံလူတန်းစားများ စာရေးအတွက် အခက်အခဲမရှိစေရန်၊ ကုန်ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးရန် ဈေးနှုန်းသက်သာစွာဖြင့် ဆန်များရောင်းချပေးကြောင်း သိရသည်။
ဆန်များရောင်ချပေးရာတွင် ဆန်(၁)ပြည်လျှင် ငွေ(၁၀၀၀)ကျပ်နှုန်း အိမ်ထောင်စု (၁)စု လျင် ဆန်(၂)ပြည်နှုန်းဖြင့် ရောင်းချပေးခြင်းဖြစ်ပြီး ပဲခူးခရိုင်အတွင်းရှိ ပဲခူးမြို့နယ်တွင် ဆန်အိတ် (၁၀၀၀)အိတ်၊ ဝေါမြို့နယ်တွင်ဆန်အိတ်(၃၀၀)၊ ကဝမြို့နယ်တွင် ဆန်အိတ်(၃၀၀) အိတ်၊ သနပ်ပင်မြို့နယ်တွင် ဆန်အိတ်(၃၀၀)၊ ဒိုက်ဦးမြို့နယ်တွင် ဆန်အိတ်(၃၀၀)အိတ်၊ ညောင်လေးပင်မြို့နယ်တွင် ဆန်အိတ်(၅၀၀)အိတ်၊ ကျောက်တံခါးမြို့နယ်တွင် ဆန်အိတ် (၅၀၀)အိတ်၊ ရွှေကျင်မြို့နယ်တွင် ဆန်အိတ်(၁၀၀) အိတ်၊ စသည့်မြို့နယ်(၈) မြို့နယ်၌ စုစုပေါင်း ဆန်အိတ်(၃၃၀၀)အိတ်အား သက်ဆိုင်ရာ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီများမှ ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားချက်များနှင့် အညီ ရောင်းချပေးခြင်းဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် ပဲခူးခရိုင်နှင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီများ၏ အနီးကပ်ကြီးကြပ်မှုဖြင့် အခြေခံစားကုန်များဖြစ်သည့် ဆီနှင့်ကြက် သွန်များကိုလည်း ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)