ဖားဆောင်း သြဂုတ် ၂၄
ကယားပြည်နယ်၊ဘောလခဲခရိုင်၊ဖားဆောင်းမြို့နယ်တွင် မြို့နယ်တွင်းရှိ အသက်(၆၅)နှစ် အထက် သက်ကြီးရွယ်အိုများအားဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း ကိုယနေ့နံနက်၈နာရီ အချိန်က မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ပြုလုပ်သည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် ဖားဆောင်းမြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အိဖြူသွယ်ဦးဆောင်၍ သူနာပြု ဆရာမများက ကိုဗစ်-၁၉ ကာကွယ်ဆေး(Sinopharm China) ကို လာရောက်ထိုးနှံသည့် အသက်(၆၅)နှစ်အထက်သက်ကြီးရွယ်အိုများအား ကိုယ်အပူချိန် တိုင်းတားခြင်း၊သွေးပေါင်ချိန်တိုင်းတာခြင်း၊ဆီးချို၊သွေးချိုရောဂါစစ်ဆေးပေးခြင်းများ ပြုလုပ်ပြီး မှသာကာကွယ်ဆေးထိုးနှံပေးပြီး၊ ကာကွယ်ဆေးထိုးနှံပြီးပါကလည်း မိနစ်(၃၀)စောင့်ဆိုင်း စေခြင်းများ ပြုလုပ်ခဲ့ကြကြောင်းသိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးငြိမ်းချမ်းအောင်နှင့် ကော်မတီ ဝင်များက ကြည့်ရှုအားပေးခဲ့ကြကြောင်းနှင့်ယနေ့နံနက်ပိုင်းတွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အို (၃၈)ဦး တို့အားကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
နန်းသဲနုအောင်