စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်တွင် မဲဆန္ဒရှင်စာရင်းများ စိစစ်ရေး လုပ် ငန်းကော်မတီ ဖွဲ့စည်းရန်နှင့် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီများဖွဲ့စည်းရေး ညှိနှိုင်းဆွေးနွေး

ကန့်ဘလူ ဩဂုတ် ၁၃

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ မဲဆန္ဒရှင်စာရင်းစိစစ်ရေး လုပ်ငန်း ကော်မတီဖွဲ့စည်းရန်နှင့်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီများဖွဲ့စည်းရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ကြောင်းသိရသည်။

အခမ်းအနားတွင် မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြည့်စုံမှန်ကန်သော မဲစာရင်းများ ရရှိနိုင်ရေးအတွက် မဲစာရင်း စိစစ်ရေးကော်မတီများကို ဌာနဆိုင်ရာများနှင့် ဖွဲ့စည်း တာဝန်ပေးအပ်ရေး၊ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီများဖွဲ့ စည်းရေးနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားသည်။

ထို့နောက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်စုမာခိုင်က ကော်မတီများဖွဲ့စည်း မှုနှင့်မူဝါဒများ၊ လုပ်ငန်းတာဝန်များအား ရှင်းလင်းဆွေးနွေးတင်ပြသည်။ယင်းနောက် တက်ရောက်လာ သူ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များက သိရှိလိုသည် များနှင့်တွေ့ကြုံနေရသည့် အခက်အခဲများကို ဆွေးနွေးတင်ပြခဲ့ကြ ကြောင်းသိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)