ဖားဆောင်း ဩဂုတ် ၂၃
ဖားဆောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ဖားဆောင်းမြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချနေသော ကုန်စုံဆိုင်များနှင့် ဆေးဆိုင်များ ကျန်းမာရေးညွှန်ကြားချက်များနှင့် ကုန်ပစ္စည်းများ ပုံမှန်ဈေးနှုန်းများဖြင့် ရောင်းချ ပေးခြင်း ရှိ/မရှိ ယနေ့နံနက် ( ၉ ) နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင် ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ ကွင်းဆင်းစစ်ဆေး ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဈေးရောင်းသူ၊ဈေးဝယ်သူများအနေဖြင့် Mask အား မဖြစ်မနေ တပ်ဆင်ရန်၊တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရန် ၊ မကြာခဏ လက်ဆေးပြီး ကုန်ပစ္စည်းများရောင်းချရန် စသည့် အချက်များကို သတိပြုလိုက်နာဆောင်ရွက်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် ကုသရေးကော်မတီမှ ထုတ်ပြန်ထားသည့် ကျန်းမာရေးညွှန်ကြားချက်များအညီ နေထိုင်သွားလာရန်နှင့် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်ပြီး အဆင့်ဆင့်ပညာပေးခြင်း၊ကြီးကြပ်ခြင်း၊ အသိပေးခြင်း လုပ်ငန်းများအနေဖြင့် ဈေးဆိုင်ခန်းပိုင်ရှင်များနှင့် ဈေးဝယ်လာပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန်ဖြစ်ပြီး ဆေးဆိုင်များနှင့်ကုန်စုံဆိုင်များ ဖွင့်လှစ်ရောင်းချရာတွင် ကျန်းမာရေးလမ်းညွှန်ချက်များအား အထူး သတိထားပြီး လိုက်နာဆောင်ရွက်သွားကြရန်၊ပုံမှန်စျေးနှုန်းများနှင့်သာရောင်းချရန် အသေးစိပ်မှာကြားခဲ့ကြောင်းသိရသည်။
နန်းသဲနုအောင်