ရွာသစ်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ရွာသစ် ဩဂုတ်၂၃

ကယားပြည်နယ်၊ဘောလခဲခရိုင်၊ရွာသစ်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးလူဇော်သန့်မှ အဖွင့်အမှာစကားပြောကြားရာတွင် ရွာသစ်မြို့အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ကုသနိုင်ရေးနှင့် စပ်လျဉ်း၍ အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အားလုံးတာဝန် အသိစိတ်ဖြင့် ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်လာပြီ ဖြစ်ကြောင်း ယခင်တစ်ပတ်လျှင် (၃)ရက် ကုန်စီစီးဆင်းမှု ကုန်တင်၊ကုန်ချ အလွှဲအပြောင်းဆောင်ရွက်ရန် ခွင့်ပြုပေးမှုနှင့် စပ်လျဉ်း၍ ယခုအခါ ကုန်စည်စီးဆင်းမှု တစ်ခုတည်းကိုသာ ခွင့်ပြုနိုင်ရေးအတွက် တက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေး အကြံပြုပေး‌စေချင်ပါ‌​ကြောင်း၊ ယခင် ကုန်စည်စီးဆင်းမှုနှင့် လုပ်ငန်းများဆောင်ရွက်ရန် တစ်ပတ်လျှင်(၃)ကြိမ် ခွင့်ပြုပေးခဲ့သော်လည်း ယခုအခါ ရောဂါကူးစက်မှု ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် တစ်ပတ်လျှင် တစ်ကြိမ် (ကြာသပတေးနေ့) (၁)ရက်သာ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း၊ရွာသစ်မြို့ အတွင်းရှိ ဒေသခံ ပြည်သူများအနေဖြင့်လည်း အရေးကြီး ကိစ္စမှအပ ဘောလခဲမြို့နယ်သို့ ကျော်လွန်သွားရောက် ခွင့်ပြုမည်မဟုတ်ကြောင်းနှင့် ရွာသစ်မြို့ အတွင်းသို့ ဝင်၊ထွက် သွားလာမှုမရှိစေရေးနှင့် ရောဂါကူးစက်မှုမရှိစေရေးအတွက် (၁၀)ရက် အသွားအလာ ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း၊ လိုအပ်လျှင် ရက်တိုးသတ်မှတ်၍ အသွားအလာ ကန့်သတ်ထားရှိမှုအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း စသည်အားဖြင့် ဆွေးနွေးပြောကြားသည်။

ယင်းနောက် တက်ရောက်လာသူများက အသီးသီးတင်ပြ ဆွေးနွေးကြပြီး ပူးပေါင်းပါဝင် ဖြည့်ဆည်းဆောင်ရွက်ပေးမှု အခြေအနေများကို ဝိုင်းဝန်း ညှိနှိုင်းဖြေရှင်းခဲ့ကြောင်း သိရသည်။

ရွာသစ်