စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့ အင်းမြသာယာဘော့လုံးကွင်းဘေးနှင့် မြအင်းသာလမ်းဘေး ရေမြောင်းများ ရေစီး ရေလာ ကောင်းမွန်စေရေး တူးဖော်ရှင်းလင်း

အင်းတော် ဩဂုတ် ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့ အောင်မေတ္တာရပ်ကွက် အင်းမြသာယာဘော့လုံး ကွင်းဘေး ရေမြောင်းများနှင့် မြအင်းသာလမ်းဘေး ရေမြောင်းများအား ရေစီးရေလာကောင်းမွန်စေရေး အတွက် ရေမြောင်းများတူးဖော်ခြင်း၊ ရေလမ်းကြောင်းရှင်းလင်းခြင်းလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက အင်းတော်မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အင်းမြသာယာဘော့လုံးကွင်းပတ်လည်နှင့် မြအင်းသာလမ်းဘေးတွင် ပိတ်ဆို့နေသော ရေမြောင်း များအား ရေစီးရေလာ ကောင်းမွန်စေရေး၊ ရေဆိုးထုတ်မြောင်းများ ကောင်းမွန်လာစေရေး၊ ရပ်ကွက်နေ ပြည်သူများ အနေဖြင့် သန့်ရှင်းစွာနေထိုင်နိုင်ရေး၊ မြို့အင်္ဂရပ်များနှင့် ပြည့်စုံလာစေရေး တို့အတွက် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ယခုပထမအဆင့်အနေဖြင့် ရေမြောင်းများဖော်ထုတ်ပြီး ရန်ပုံငွေအခြေအနေ ကျောက်စီ ရေမြောင်းများအဖြစ် ဆက်လက်အဆင့်မြှင့်တင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အင်းတော်မြို့နယ် မြို့နယ်စည်ပင် သာယာရေးကော်မတီ တာဝန်ခံအင်ဂျင်နီယာ ဦးမင်းမင်းစိုး က ပြောပြခဲ့သည်။

ကျော်သီဟ(မြို့နယ် ပြန်/ဆက်)