ပေါင်းတည်မြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ပညာရေးဌာနသို့ အားကစား ပစ္စည်းများ ပေးအပ်လှူဒါန်း

ပေါင်းတည် ဩဂုတ် ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်တွင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်ပညာရေးဌာနသို့ အားကစား ပစ္စည်းများ ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နဝရတ် အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။

ပေးအပ်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းအောင်က မုဒိတာစကား ပြောကြားသည်။ ထို့နောက် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေလင်းနိုင်က အခြေခံမူလတန်း ကျောင်းများမှ စတင်၍ ကာယချိန်နှင့် အားလပ်သည့် အချိန်တိုင်း အားကစားမြှင့်တင်ရေး လုပ်ငန်းများကို အရှိန်ဟုန်မြှင့်၍ လေ့ကျင့်သင်ကြားပေးရန် လိုအပ်ပါကြောင်း ကျောင်းများ အသီးသီးမှ အားကစားထူးချွန်ထွက်ပေါ်လာမည့် ကျောင်းသား/ ကျောင်းသူ အားကစားသမား များကိုလည်း မြို့နယ်/ခရိုင်/တိုင်းနှင့်ဗဟိုအဆင့်ပြိုင်ပွဲများထိ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ကျောင်းအုပ်ကြီးများ၊ ကာယဆရာများနှင့် ဆရာ/ဆရာမများကလည်း အားပေးတိုက်တွန်းကာ မိဘများ ပါဝင်လာရေး ဝိုင်းဝန်းစည်းရုံး ကူညီပေးရန် တိုက်တွန်း ပါကြောင်း ယခုပေးအပ် ထောက်ပံ့သည့် အားကစားပစ္စည်းများမှာ Molten ကန်ဘောလုံး(၂)လုံး၊ Sport Land ဘောလုံး (၁)လုံး၊ No(1) ပိုက်ကျော်ခြင်း(၃)လုံး၊ ပိုက်ကျော်ခြင်းပိုက်(၁)ခု၊ ကြက်တောင် ရော့ကတ်(၂)စုံ၊ ကြက်တောင်ပိုက်(၁)ခု၊ ရိုးရာခြင်းဖြူ (၁)လုံးနှင့် ခါးလှည့်ကွင်း(၁)ခု ပါဝင်ပြီး ကျပ် ၅၀၀၀ဝိကျော် တန်ဖိုးရှိပါကြောင်း ၊ ယခုကျောင်း(၈) ကျောင်း အတွက် တန်ဘိုးကျပ် ၄၀၀၀၀ဝိ ကျော် ပေးအပ်ထောက်ပံ့သွားမည်ဟု သိရှိရပါကြောင်းနှင့် အဆိုပါ အားကစား ပစ္စည်း များကိုလည်း ကျောင်းများတွင် အကျိုးရှိရှိ အသုံးပြုနိုင်ရေး ထည့်သွင်းပြောကြားသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းအောင် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးရဲလင်းနိုင်၊  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းနိုင်၊ ပြည်ခရိုင် အားကစားနှင့် ကာယပညာ ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန္တာဝင်း၊ မြို့နယ်အားကစားမှူး ဒေါ်နီလာဝင်းနှင့် တာဝန်ရှိသူများက  အားကစားပစ္စည်း(၈)မျိုးအား အ−ထ−က ကျောင်း (၃)ကျောင်း အ−ထ−က(ခွဲ)(၄)ကျောင်းနှင့် အ−မ−ကကျောင်း(၁)ကျောင်းတို့မှ ကျောင်းအုပ် ကြီး များနှင့် တာဝန်ခံ ဆရာ/ဆရာမများထံ အသီးသီး ပေးအပ်လှူဒါန်းပြီး မြို့နယ် ပညာရေးဌာန ကိုယ်စား လက်ထောက်ပညာရေးမှူး ဦးအောင်မြင့်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်းသိရှိရသည်။

တင်ဝင်းဇော်(မင်းသားကြီး)