ပင်လောင်းမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများပုံမှန်ထုတ်ပေးလျက်ရှိ

ပင်လောင်း  ဩဂုတ်  ၂၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ယနေ့နံနက် ၈ နာရီမှစ၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ပင်လောင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို နိုင်ငံတော်အစိုးရက သတ်မှတ်ထားသော ရုံးပိတ်ရက်များမှအပ ရုံးဖွင့်ရက်များတွင် ထုတ်ပေးလျက်ရှိရာ ယနေ့ နံနက် ၈နာရီမှ မွန်းလွဲ ၂နာရီထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်းနှင့် သြဂုတ် ၂၇ ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်စုလိုက် နေ့စဉ်ထုတ်ပေးသွား မည်ဖြစ်ပြီး ပင်လောင်းမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းပင်စင်လစာ ထုတ်ယူမည့်သူ စုစုပေါင်း (၆၂၀)ဦးရှိကြောင်း သိရသည်။

ထွန်းလင်း (ပင်လောင်း)