ကျွန်းစု ဩဂုတ် ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့ သံသရာအေးစေတီတော် ရင်ပြင်တော်ရှိ ဓမ္မာရုံကြီး၌ ဝါခေါင် လပြည့် မေတ္တာအခါတော်နေ့ ယမန်နေ့ ညနေ ၃ နာရီ ၃၆ မိနစ်အချိန်က ဆရာတော် သံဃာတော် အရှင်သူမြတ်များမှ ပရိတ်တရားတော်များ ရွတ်ဆိုချီးမြှင့်ခဲ့ကြသည်။
ရှေးဦးစွာ ဆရာတော်သံဃာတော်နှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ(၃)ကြိမ် ရွတ်ဆိုကာ ဘုရားကန့်တော့ခဲ့ကြပြီး ကျွန်းစုမြို့၊ သီရိမင်္ဂလာကျောင်း တိုက်ဆရာတော် ဘဒ္ဒန္တဝိသိဌက ဩဝါဒက ထာ မိန့်ကြားခဲ့သည်။
ထို့နောက် သီရိမင်္ဂလာကျောင်း တိုက်ဆရာတော် ဘဒ္ဒန္တဝိသိဌ အပါအဝင် သံဃာတော်(၉)ပါးက မေတ္တာသုတ်၊ ရတနာသုတ်၊ ဗောဇ္စျင်္ဂသုတ်၊ ဓါရဏပရိတ်၊ သဗ္မုဒ္ဓေ ဂါထာ(၅)မျိုး နှင့် ကမ္မဝါစာများတို့ကို ရွတ်ပွားချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ ဆရာတော်သံဃာတော်များအား ကျွန်းစုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် တာဝန်ရှိသူများက လှူဖွယ် ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြကာ ပရိတ်တရာတော် များ ရွတ်ဆိုပူဇော်ခြင်း ကောင်းမှုကုသိုလ်များကို ရေစက်သွန်ချအမျှပေးဝေခဲ့ကြ ကြောင်း သိရသည်။
စည်သူရအောင်