ကော့ကရိတ် သြဂုတ် ၂၃
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ရန် ကျန်ရှိသော ကျေးရွာများဖြစ်သည့် ရန်ကုတ်ကျေးရွာအုပ်စု ကမ္မရာကျေးရွာနှင့် ဆိတ်ဖူးကုန်းကျေးရွာတို့မှ အသက်(၁၆)နှစ်နှင့် (၁၈) နှစ်အကြားနှင့် အသက် (၁၈) နှစ်နှင့်အထက် ကိုင်ဆောင်လက်မှတ် မရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးနိုင်ရေးကို ယနေ့ နံနက် ၁၀နာရီခွဲ အချိန်က အမက (ကမ္မာရာ) ကျောင်း၌ ကွင်းဆင်းပြုလုပ် ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံးမှ ဦးစီးအရာရှိ ဦးသန်းဝင်းအောင်က ကြီးကြပ်၍ ဝန်ထမ်းများက အဆိုပါ ကျေးရွာများရှိ ကျေးလက်နေ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးနိုင်ရေးကို စနစ်တကျ စိစစ်ပြုလုပ်ပေးခဲ့ရာ အသက် ၁၀နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် စတင်ပြုလုပ်သူ ကျား (၈) ဦး၊ မ (၂ )၊ အသက် (၁၈ )နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် စတင်ပြုလုပ်သူ ကျား (၆၃)ဦး၊ မ (၈၄)ဦး ဦးတို့အား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
စောအောင်မျိုးလွင်