ဘုတ်ပြင်း ဩဂုတ် ၂၃
တနင်္သာရီတိုင်းဒေသကြီး ၊ကော့သောင်းခရိုင် ၊ ဘုတ်ပြင်းမြို့နယ် အောင်တော်မူ စေတီတော်ရင်ပြင် ရှိဓမ္မာရုံတွင် ဝါခေါင်လပြည့်နေ့ မေတ္တာအခါတော်နေ့ ယမန်နေ့ မွန်းလွဲ ၃ နာရီ ၃၆ မိနစ်က ဆရာတော်သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ဆိုချီးမြှင့်ခဲ့ကြကြောင်း သိရသည်
ရှေးဦးစွာ ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ(၃)ကြိမ် ရွတ်ဆို ဘုရားကန်တော့ခဲ့ကြပြီး မြို့နယ်သံဃာနာယက အဖွဲ့ဝင်သီရီမင်္ဂလာတပ်ဦးကျောင်း ဆရာတော် ဦးဘဒ္ဒန္တဇဝနထံမှ ငါးပါးသီလ ခံယူကြပြီး ၊ ရတနသုတ်၊ မေတ္တာသုတ် ၊ ဓါရဏပရိတ်၊ မဟာသမာယသုတ် ၊ သမ္ဗုဒ္ဓေဂါထာ ၊ ပဗ္ဗာဇနိယကမ္မဝါစာတရားတော်များ ရွတ်ဖတ်ချီး မြှင့်ခဲ့ကြသည်။
ထို့နောက် ဆရာတော်သံဃာတော်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းနှင့် တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြပြီး ပရိတ်တရားတော်များ ရွတ်ဆို ပူဇော်ခြင်းကောင်းမှုကုသိုလ်များကို အမျှပေးဝေခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုဆောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်းသိရသည်။