ရေဖြု ဩဂုတ် ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အောင်သာဝတီခန်းမ၌ ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ ၊ ယမန်နေ့ ညနေ့ (၃)နာရီခွဲက ဆရာတော် သံဃာတော်အရှင်သူမြတ်များမှ ပရိတ်တရားတော်များ ရွတ်ဆိုချီးမြှင့်ခဲ့ကြသည်။
ရှေးဦးစွာ ဆရာတော်သံဃာတော်နှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန့်တော့ခဲ့ကြပြီး ရေဖြူမြို့နယ်၊မင်းဒပ်ကျေးရွာ၊ မင်းဒပ်ကျောင်းဆရာတော် ဦးဥတ္တမထံမှ ငါးပါးသီလခံယူဆောက်တည်ကာ သံဃာတော်အရှင်သူမြတ်များက မေတ္တာသုတ်၊ ရတနာသုတ်၊ ဗောဇ္ဈင်္ဂသုတ် ဓါရဏပရိတ်၊ သဗ္မုဒ္ဓေ ဂါထာ(၅)မျိုး နှင့် ကမ္မဝါစာများတို့ကို ရွတ်ဖတ်ချီးမြှင့်ခဲ့ကြသည်။
ထိုနောက် ဆရာတော် သံဃာတော်များအား ရေဖြူ မြို့နယ်၊အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဆန်းထွန်း၊မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးလှနောင်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနဦးစီးအရာရှိ ဦးမျိုးမြင့်နှင့်တာဝန် ရှိသူများက လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ပရိတ်တရာတော်များ ရွတ်ဆိုပူဇော်ခြင်း ကောင်းမှုကုသိုလ်များကို အမျှပေးဝေ ခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ ကြောင်းသိရသည်။
ဖြူဖြူရှိန်