ဗန်းမော်မြို့နယ်တွင် မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် မိုးစပါးသီးနှံစိုက်ဧကများ ရေကြီး နစ်မြုပ်မှု ဆက်လက်ဖြစ်ပွား

ဗန်းမော် ဂုတ် ၂၃

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်တွင် မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်နှင့် တာပိန်မြစ်တို့၏ မြစ်ရေမြင့်တက်လာသဖြင့် မိုးစပါးသီးနှံ စိုက်ဧကများတွင် ဂုတ်  ၁၈  ရက်နေ့မှ စတင်၍ ရေကြီးနစ်မြုပ်မှု ဆက်လက်ဖြစ်ပွား လျက်ရှိကြောင်း သိရသည်။

ဗန်းမော်မြို့နယ်အတွင်း ဂုတ် ၁၉ ရက်နေ့မှစ၍ ကျေးရွာအုပ်စု(၂၀)စု၊ ကွင်းပေါင်း (၃၇)ကွင်း၊ တောင်သူ(၉၅၅)ဦး၏ မိုးစပါးသီးနှံ စိုက်ဧက စုစုပေါင်း (၂၈၉၁)ဧက ရေကြီးနစ်မြုပ်မှု စတင် ဖြစ်ပွားခဲ့ရာ ဂုတ်  ၂၂ ရက်နေ့ထိ ကျေးရွာအုပ်စု (၂၂) အုပ်စု၊ ကွင်းပေါင်း(၅၀)ကွင်း၊ တောင်သူ (၁၆၆၆)ဦး၊ မိုးစပါးသီးနှံ စိုက်ဧကပေါင်း(၅၁၆၂ ဒဿမ ၂၅)ဧကထိ ရေကြီးနစ်မြုပ်မှု ဆက်လက် ဖြစ်ပွားလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

မြသက်ဦး