ကျောက်ပန်းတောင်း ဩဂုတ် ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ယနေ့နံနက်(၉)နာရီမှ မွန်းလွဲ (၂)နာရီအထိ၊ ကိုဗစ်-၁၉ ရောဂါ သံသယရှိသူများကို RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ ကျား(၄)ဦးနှင့်မ(၁)ဦး ပေါင်း (၅)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့သည်။
အဆိုပါ ပိုးတွေ့ရှိသူများကို မြို့နယ်ပြည်သူ့ဆေးရုံတွင် ကျား(၃)ဦး၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းကုသရေးစင်တာတွင် ကျား(၁)ဦးနှင့် မ(၁)ဦး ပို့ဆောင်ထားရှိကာ ကျန်းမာရေးစောင့်ရှောက်မှု ပေးသွားမည်ဖြစ်ကြောင်း၊ ဩဂုတ်လ(၂၂)ရက်နေ့ အထိ ကျောက်ပန်းတောင်း မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ကျား(၂၄၆)ဦး၊ မ(၁၉၀)ဦး စုစုပေါင်း(၄၃၆)ဦး ရှိသည့်အနက် ဆေးရုံဆင်းခွင့်ရရှိသူ ကျား(၁၉၅)ဦး၊ မ(၁၃၉)ဦး ပေါင်း(၃၃၄)ဦးရှိပြီဖြစ်ကြောင်း၊ ၎င်းအပြင် သေဆုံးသူ ကျား(၃၀) ဦး၊ မ(၂၄)ဦး ပေါင်း(၅၄)ဦးရှိရာ လက်ရှိတွင် ဆေးရုံ တက်ရောက်နေသူ ကျား(၂၁)ဦးနှင့် မ(၂၇)ဦး စုစုပေါင်း(၄၈)ဦးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ထံမှ သိရသည်။
နေအောင်(ပြန်/ဆက်)