ဘားအံမြို့၌ စေတနာရှင်များလှူဒါန်းသည့် ကိုဗစ်-၁၉ အလှူငွေဖြင့် ဝယ်ယူသည့် Oxygen Mobile Plant ဘားအံမြို့သို့ ရောက်ရှိ

ဘားအံ ဩဂုတ် ၂၂

ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် ကရင်ပြည်နယ်အစိုးရထံသို့ စေတနာရှင်များလှူဒါန်းသည့် ကိုဗစ်-၁၉ အလှူငွေဖြင့်ဝယ်ယူသည့် Oxygen Mobile Plant သည် ဘားအံမြို့ အောက်ဆီဂျင် စက်ရုံတည်ရှိသည့် လှာကမြင်ကွက်သစ်သို့ ယနေ့နံနက်ပိုင်းက ရောက်ရှိကြောင်း သိရှိရသည်။

အဆိုပါ Oxygen Mobile စက်သည် တရုတ်နိုင်ငံထုတ် 20m3 စက်အမျိုးအစားဖြစ်ပြီး တစ်နေ့လျှင် (၄၀) လီတာဝင် ဆလင်ဒါအိုး (၆၄)  လုံးခန့်ထွက်ရှိနိုင်မည်ဖြစ်ပြီး အောင်ဆီဂျင်စက်မှာ မိုဘိုင်းရွှေ့ပြောင်းရ လွယ်ကူသော စက်ပုံစံမျိုး ဖြစ်၍ စက်တန်ဖိုးမှာ ငွေကျပ် သိန်း(၇၃၀)ခန့် တန်ဖိုးရှိကြောင်းနှင့် ၎င်းစက်တပ်ဆင်ပြီးစီးပါက ကရင်ပြည်နယ် အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ လူနာများအတွက် အောင်ဆီဂျင်လိုအပ်သောနေရာများသို့ ရွေ့လျားစနစ် ဖြင့်  ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း၊  နောက်ထပ် ထပ်မံဝယ်ယူထားသည့် Oxygen Mobile Plant (၁) လုံးကိုလည်း စက်တင်ဘာလ (၁၀) ရက်နေ့တွင် စက်တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း ကရင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရှိရ သည်။

ခရိုင် (ပြန်/ဆက်)