ဘားအံ ဩဂုတ် ၂၂
အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုများပြားလျက်ရှိသောကြောင့် မြို့နယ် အတွင်း ရောဂါ ကူးစက်မှုကို ထိရောက်စွာ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ဘားအံမြို့နယ်တွင် ၃.၈.၂၀၂၁ရက်နေ့မှစတင်ကာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ လူမှုရေးအသင်းအဖွဲ့များပူးပေါင်းပါဝင်သည့် စောင့်ကြည့်စစ်ဆေးရေးအဖွဲ့ (၄)ဖွဲ့ဖြင့်ဖွဲ့စည်းပြီး မြို့တွင်းသွားလာမှု ကို နံနက် ၈ နာရီမှ ညနေ ၃ နာရီအထိ သတ်မှတ်နေရာများ၌ စစ်ဆေးခြင်းလုပ်ငန်းများကိုအရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဘားအံမြို့နယ် အတွင်းရှိမိဘပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာရာတွင် နေအိမ်ထွက်ခွာခွင့် ယာယီကတ်ပြားဖြင့် သွားလာခြင်းနှင့်ပါးစပ်နှာခေါင်းစည်း (mask)များ စနစ်တကျ တပ်ဆင် ခြင်း ရှိ/မရှိ၊ (mask) မပါရှိသူများအား (mask)များဝေငှပေးခြင်း အိမ်တစ်အိမ် လျှင် တစ်ဦးနှုန်း ဖြင့်သာ ဈေးဝယ်ထွက်ခြင်း၊ ကျန်းမာရေး ကိစ္စရပ်များမှအပ အိမ်အပြင်သို့ထွက်ခွာခြင်း မရှိစေရေးအတွက် ဖြတ်သန်းသွားလာသူများအား အသိပေးဆောင်ရွက်ခြင်းနှင့် သတ်မှတ်ထုတ် ပြန်ထားသည့် စည်းကမ်းချက်များအား လိုက်နာမှုမရှိသော ပြည်သူများအား ဒဏ်ငွေကျပ် ငါးထောင် ပေးဆောင် စေလျက်ရှိကြောင်း သိရသည်။